CVT ၏ ရုံးသစ်ဖွင့်ပွဲ နှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲအား ၁၁ စက်တင်ဘာလ ၂၀၂၄ ရက်နေ့ CVT ၏ ရုံး သစ်နေရာ ဖြစ်သော ရန်ကုန်မြို့ လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်းရှိ အမှတ် ၁၅၁၊ အခန်း #၀၄-၀၁၊ တိုက် (ဃ) တွင် ပြုလုပ်ခဲ့ရာ CVT မှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဆရာ၊ဆရာမများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပြီး သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ၎င်းနောက် ဧည့်သည်များ အား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပြီး အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။