၂၀၀၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း CVT တွင် တက်ရောက်သင်ကြားခဲ့ကြသော ကျောင်းသူ ကျောင်းသားဟောင်းများ၏ ၂၀၂၄ ခုနှစ်အတွင်း တတိယအကြိမ် တွေ့ဆုံပွဲကို ၇-၉-၂၀၂၄ (စနေနေ့) ညပိုင်း Zoom ဖြင့် ၈:၀၀ မှ ၁၀:၀၀ ထိ ပြုလုပ်ကျင်းပခဲ့ပါသည်။

CVT Alumni Event တွင် ယခင် တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြသည့်အကြံပေးချက်များ၊ CVT updates (ရုံးခန်းနေရာအသစ်၊ ပြန်လည်ရေးဆွဲထားသော website အသစ်၊ သင်တန်းများအကြောင်း၊ Alumni Platform များအကြောင်း) စသည်ဖြင့် အသိပေးအကြောင်းကြားခဲ့ပါသည်။

ထို့နောက် CVT ကျောင်းသားဟောင်းများ၏ကဏ္ဍအား အဓိကမဏ္ဍိုင် တစ်ရပ်အနေဖြင့် ပါဝင်လျှက် အချင်းချင်း ရေရှည်လက်တွဲလုပ်ဆောင်နိုင်ရန်နှင့် CVT Alumni အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန် အတွက် ယာယီ CVT Alumni Delegate Team ဖွဲ့စည်းရန် အားလုံးဝိုင်းဝန်းဆွေးနွေးအတည်ပြုခဲ့ကြကာ လာမည့် ဒီဇင်ဘာလ ၂၀၂၄ တွင် စတုတ္ထအကြိမ် Alumni Meeting အား မပြုလုပ်မီ CVT Alumni Delegate Team ဖွဲ့စည်းရေးအတွက် အောက်တိုဘာလလယ်တွင် ကျောင်းသားဟောင်းများ အချင်းချင်း ထပ်မံတွေ့ဆုံရန် လျာထားခဲ့ကြပါသည်။ ထို့နောက် တက်ရောက်ခဲ့သူများအား Lucky Draw များမဲဖောက်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

CVT Alumni
CVT Alumni
CVT Alumni