“Center for Vocational Training (CVT) နှင့် Global Infrastructure Engineering Company Limited (GIE)/G.I.E Technical Institute တို့ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်း”
မြန်မာနိုင်ငံလူငယ်များ၏ကိုယ်ရည်ကိုယ်သွေး နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် Center for Vocational Training (CVT) အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း နှင့် Global Infrastructure Engineering Company Limited(GIE)/ G.I.E Technical Institute သင်တန်းကျောင်းတို့သည် Welding, Late Machining, Electrician သင်တန်း များကို ပူးပေါင်းဖွင့်လှစ်ရန် အတွက်
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ တွင် လှိုင်မြို့နယ်ရှိ Center for Vocational Training ကျောင်း ၌ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် “CVT” ၏ CEO ဒေါ် ခင်မြတ်စန္ဒာ နှင့် “GIE” ၏ ဒါရိုက်တာ Ms.Josephine Chin တို့မှ သဘော တူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး “CVT”၏ Guarantor တစ်ဦးဖြစ်သော ဆရာမကြီး ဒေါ် ခင်မာအေး နှင့် “GIE” ၏ ဒါရိုက်တာ ဒေါ် နန့်အစ္စဘယ်စိမ်းလဲ့ဝေဝေလှိုင် -Daw Nant Isabel Sainlet Wai Wai Hlaingတို့မှ အသိသက်သေများအဖြစ်အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့နောက် အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ညနေ (၄း၀၀) နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
#cvt

