CVT – Center for Vocational Training မှ CVT တွင် တက်ရောက်သင်ကြားခဲ့ကြသော ကျောင်းသူကျောင်းသားဟောင်းများ/သင်တန်းသားဟောင်းများကို ရဲ့ 2024 ခုနှစ် ဒုတိယအကြိမ် တွေ့ဆုံပွဲလေးအဖြစ် CVT Alumni Event ကို ၂၃-၃-၂၀၂၄ (စနေနေ့)၊ ကမ္ဘာအေးဘုရားလမ်းထောင့် နှင့် ရွှေဂုံတိုင်လမ်းထောင့် ရှိ ဒဂုံတာဝါတွင် နေ့လည် ၁း၀၀ မှ ၃း၀၀ ထိ ပြုလုပ်ကျင်းပပေးခဲ့ပါသည်။

CVT Alumni Event တွင် တွေ့ဆုံပွဲ ပြုလုပ်ကျင်းပရသည့် ရည်ရွယ်ချက်များ၊ ပြောင်းလဲတိုးတက်လာမှု/ လုပ်ဆောင်မှုများ၊ ပြန်လည်ဖွဲ့စည်းထားသော ကျောင်း၏ စီမံခန့်ခွဲမှုပုံစံများ၊ ပြောင်းလဲဖွင့်လှစ်ထားသော CVT ရုံးခန်း၊ စာသင်ခန်းနှင့် လက်တွေ့သင်တန်းခန်းမ နေရာများ၊ ၂၀၂၃ တွင် ဖွင့်လှစ်ပို့ချခဲ့သော သင်တန်းများအား အသိပေးအကြောင်းကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၄ ခုနှစ်အတွင်း ဆက်လက်ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၊ CVT ၏ ယခုလုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်များ နှင့် ဆက်လျဉ်း၍ ရေရှည် တည်တန့်ခိုင်မြဲသော ကျောင်း၏ဂေဟ စနစ်တွင် CVT ကျောင်းသားဟောင်းများ၏ကဏ္ဍအား အဓိကမဏ္ဍိုင် တစ်ရပ်အနေဖြင့် ပါဝင်လျှက် အချင်းချင်း ရေရှည်လက်တွဲလုပ်ဆောင်နို်ရန်နှင့် CVT Alumni အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန် ကျောင်းသား‌ဟောင်းများ အချင်းချင်း ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြပါသည်။

တတိယအကြိမ် Alumni Gathering အား လာမည့် June 2024 တွင် ပြုလုပ်ရန် လျာထားခဲ့ကြပါသည်။

ALumni
ALumni
ALumni
ALumni
ALumni
ALumni