Work-based Learning (WBL) လုပ်ငန်းခွင်အခြေပြုသင်ကြားသင်ယူမှုစနစ်ဖြင့် ချန်ပီယံများ မွေးထုတ် ပေးခြင်း သင်တန်း ဒုတိယ အပတ်စဥ် တက်ရောက်ခဲ့သူများမှ သင်တန်း ဆင်းပြီးနောက် မိမိတို့ လုပ်ငန်းခွင်တွင် WBL မူဝါဒများ နှင့် လုပ်ထုံးလုပ်နည်းများအား ရေးဆွဲခြင်း၊ WBL စနစ်အား စတင်ကျင့်သုံးဆောင်ရွက်ခြင်းတို့ကို WBL Champions အချင်းချင်း ပြည်လည်မျှဝေဆွေးနွေးသည့် “Reflection and learning workshop” ကို Mercure Hotel တွင်ကျင်းပခဲ့ရာ မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ CVT မှ တာဝန်ရှိသူများ၊ ဒုတိယအပတ်စဥ်တွင် တက်ရောက်ခဲ့သော ကုမ္ပဏီ များ မှ သင်တန်းဆင်းခဲ့ကြသူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းဖွင့်ပွဲတွင် CVT – CEO ဒေါ်ခင်မြတ်စန္ဒာ မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး workshop နှင့် ပတ်သက်သော အကြောင်းအရာများကို ဦးနေလင်းအောင် Technical Lead မှ အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပါသည်၊၊ ထို့နောက် company တစ်ခုစီမှ မိမိတို့ ဖော်ဆောင်ရေးဆွဲနေ သော policy ပြီးစီးမှု အခြေအနေများ တွေ့ကြုံသည့် အခက်အခဲများ ဆွေးနွေးခဲ့ပြီး ဆရာဆရာမများမှလည်း မေးမြန်းဆွေးနွေးသမျှကို အသေးစိတ်ဖြေကြားခဲ့ကြပါသည်။ workshop အပြီးတွင် မှတ်တမ်းတင်ပုံများ ရိုက်ကူးခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။





