ပညာရေး၊ အလုပ်အကိုင်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးစေရန်နှင့် ရပ်ရွာလူထုအား ဝန်ဆောင်မှုများ ပေးဆောင်ရန် အပြန်အလှန်ပံ့ပိုးပေးသည့် ပရောဂျက်များကို အကောင်အထည်ဖော်ခြင်း စသည့်CSR Activities များကို ပူးပေါင်းကူညီ ဆောင်ရွက်ရန် ရည်ရွယ်၍ Center for Vocational Training (CVT) နှင့် Rotary Club of Yangon တို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့ ညနေ (၅:၀၀) နာရီတွင် Chatrium Hotel Royal Lake Yangon ၌ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ကြပါသည်။

CVT မှ Chief Executive Officer ဒေါ်ခင်မြတ်စန္ဒာ ကိုယ်စား CVT ၏ ပြည်တွင်းဘုတ်အဖွဲ့ဝင် ဒေါ်ယဥ်ယဥ်အေး နှင့် Rotary Club of Yangon ၏ ဥက္ကဋ္ဌ ဦးတင်လတ်တို့ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး CVT ၏ Director/Head MarCom and Fundraising ဒေါ်သွေးသွေးမောင် နှင့် Rotary Club of Yangon မှ Club Secretary ဒေါ်လင်းလင်းတင်ထွန်းတို့မှ အသိသက်သေများအဖြစ်အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့နောက် အမှတ်တရ ဓါတ်ပုံများရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ညနေ (၆:၀၀) နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။