လုပ်ငန်းခွင်အခြေပြု သင်ကြား- သင်ယူမှုစနစ် ဖြင့် ချန်ပီယံများ မွေးထုတ်ပေးခြင်း အစီအစဥ် မိတ်ဆက်ပွဲ

CVT မှ ကျင်းပပြုလုပ်သော လုပ်ငန်းခွင်အခြေပြု သင်ကြား- သင်ယူမှုစနစ် ဖြင့် ချန်ပီယံများ မွေးထုတ်ပေးခြင်း အစီအစဥ် အခမ်းအနားကို (၁၈-၈-၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၁:၃၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ Inya Lake Hotel ၌ ကျင်းပခဲ့ရာ CVT မှ တာဝန်ရှိသူများ ၊ လုပ်ငန်းရှင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် CVT အမှုဆောင်အရာရှိချုပ် ဒေါ် ခင်မြတ်စန္ဒာ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ Director of MarCom and Fundraising ဒေါ်သွေးသွေးမောင်မှ CVT အကြောင်း ရှင်းလင်းတင်ပြခြင်း၊ WBL Program Project Co-Lead ဦးနေလင်းအောင် မှ WBL အကြောင်း ခြုံငုံသုံးသပ်ရှင်းလင်းပြောကြားခြင်း၊ Curricula Expert Team Leader ဆရာကြီးဦးကိုကိုနိုင် မှ သင်ရိုးညွှန်းတမ်း အကြောင်းရှင်းလင်းတင်ပြပြီး သင်တန်းဆရာများ နှင့်မိတ်ဆက်ခြင်း တို့ ပြုလုပ်ခဲ့ကြပါသည်။

ထို့နောက် တက်ရောက်သူများမှမေးမြန်းသည်များကို ဖြေကြားခဲ့ပြီး တက်ရောက်လာသောကုမ္ပဏီများမှ WBL အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်ခြင်းအတွက် online registration ဖြည့်ခြင်းများပြုလုပ်ခဲ့ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူးကာညနေ (၄း၀၀) နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။