လုပ်ငန်းရှင်များ ငွေကြေးစိုက်ထုတ်စရာမလိုဘဲ လုပ်ငန်းခွင်အခြေပြုသင်ကြားသင်ယူမှုစနစ်ဖြင့် ချန်ပီယံများ မွေးထုတ်ကာ လုပ်ငန်းအောင်မြင်မှုနှင့် စဥ်ဆက်မပြတ်ဖွံဖြိုးတိုးတက်မှုရရန်အတွက် ထောက်ပံ့ကူညီပေးရန် ရည်ရွယ်ပြီး Work-based Learning (WBL) Champions သင်တန်း 3rd Batch ကို 1st February 2025 တွင် Summit Parkview Hotel တွင် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် CVT – CEO ဒေါ်ခင်မြတ်စန္ဒာ မှ အဖွင့်အမှာစကားပြော ကြားခဲ့ပြီ သင်တန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်၊၊ ထို့နောက် မှတ်တမ်းတင်ပုံများ ရိုက်ခဲ့ပြီးနောက် သင်တန်းကိုဆက်လက် သင်ကြားခဲ့ပါသည်၊၊ ယခု တတိယအပတ်စဥ်တွင် သင်တန်းသား ဦးရေ စုစုပေါင်း ၂၁ ဦးတက်ရောက်လျှက်ရှိပါသည်။

wbl 3rd batch