အနာဂတ်တွင် အောင်မြင်သော ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်လာရန် နှင့် မိမိစီးပွားရေးလုပ်ငန်းကို စနစ်တကျ စီမံခန့်ခွဲနိုင်စေရန် Young Entrepreneurs for Myanmar (YE4M) Batch 22nd သင်တန်းကို Online ဖြင့် (၁၄-၉-၂၀၂၄ မှ ၉-၁၁-၁၀၂၄ ထိ) အပတ်စဥ် စနေ၊ တနင်္ဂနွေတိုင်း ဖွင့်လှစ်ခဲ့ပြီး ပညာရေးနှင့် သင်ကြားမှုပိုင်းတွင် အတွေ့အကြုံ၊ အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများမှ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအမျိုးမျိုးအတွက် လက်တွေ့အသုံးချနိုင်မည့် သင်ခန်းစာများကို ပို့ချသင်ကြားပေးခဲ့ပါသည်။

အဆိုပါ (၂၂) ကြိမ်မြောက်သင်တန်း ဆင်းပွဲ ကို ၉-၁၁-၂၀၂၄ (စနေနေ့) တွင် SEEDS Restaurant & Lounge ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားအား ပထမဦးစွာ အနေဖြင့် CVT ၏ Head of Education ဒေါ်ထက်ထက်ရဲဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး YE4M ၏ Trainer တစ်ဦးဖြစ်သူ ဦးအောင်မင်း မှ Certificates လက်မှတ်ရ သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ပါသည်။ ထို့နောက် SEEDS Restaurant & Lounge မှ ပိုင်ရှင်နှင့် အုပ်ချုပ်သူ Ms. Lucia Eppisser မှ သင်တန်းဆင်းများအား အမှတ်တရ စကား ပြောကြားပေခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးသော SEEDS Restaurant & Lounge အား CVT မှ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။ ထို့နောက် အစားအသောက်များ ကျွေးမွေး ဧည့်ခံခြင်း၊ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခြင်း များဖြင့် အခမ်းအနားအား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

YE4M Batch 22
YE4M Batch 22
YE4M Batch 22