၂၀၀၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း CVT တွင် တက်ရောက်သင်ကြားခဲ့ကြသော ကျောင်းသူ ကျောင်းသားဟောင်းများ၏ ပြန်လည်တွေ့ဆုံပွဲ အခမ်းအနားများကို ၂၀၂၄ ခုနှစ်အတွင်း ၄ ကြိမ်ပြုလုပ်ခဲ့ပါသည်။ ပထမ အကြိမ်တွေ့ ဆုံပွဲကို ၂၀-၁-၂၀၂၄ တွင် online ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် လူတွေ့ တွေ့ဆုံပွဲကို ၂၃-၃-၂၀၂၄ တွင် ရွှေဂုံတိုင် တာဝါရှိ Pace Forward ရုံးခန်းတွင်လည်းကောင်း၊ တတိယအကြိမ် တွေ့ဆုံပွဲကို ၇-၉-၂၀၂၄ တွင် online ဖြင့် လည်းကောင်း ပြုလုပ်ကျင်းပခဲ့ပါသည်။ ၎င်းတွေ့ဆုံပွဲများအတွင်း CVT ကျောင်းနှင့် ရုံးခန်းနေရာအသစ်များ၊ ပြန်လည်ရေးဆွဲထားသော website အသစ်၊ သင်တန်းများအကြောင်း၊ Alumni Platform များအကြောင်း ဝေမျှခဲ့ပြီး CVT ကျောင်းသားဟောင်းများ၏ ကဏ္ဍအား အဓိကမဏ္ဍိုင် တစ်ရပ်အနေဖြင့် ပါဝင်လျှက် အချင်းချင်း ရေရှည်လက်တွဲလုပ်ဆောင်နိုင်ရန်နှင့် CVT Alumni အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန် အတွက် ယာယီ CVT Alumni Delegate Team ဖွဲ့စည်းရန် အားလုံးဝိုင်းဝန်းဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

စတုတ္ထအကြိမ် ၂၀၂၄ နှစ်ကုန် CVT ကျောင်းသား/ကျောင်းသူ ဟောင်းများတွေ့ဆုံပွဲ (ခရစ်စမတ် and Year End Party) ကို ၂၆-၁၂-၂၀၂၄ ရက်နေ့တွင် နေ့လည် (၂)နာရီတွင် လှိုင်မြိုနယ်ရှိ CVT Event Park တွင် ကျင်းပခဲ့ရာ ဆရာဆရာမ နှင့် ကျောင်းသားကျောင်းသူဟောင်းများ ၆၀ ဦး ခန့် တက်ရောက်ခဲ့ပါသည်။ ယခုနှစ်ပွဲ၏ထူးခြားချက်မှာ CVT ၏ CEO နှင့် SSA ဥက္ကဌ Mr. Stefan Gregor Vogler မှ ‌တက်ရောက်လာသူ ကျောင်းသားဟောင်းများ ဆရာ၊ ဆရာမဟောင်းများအား နှုတ်ခွန်းဆက်စကားများပြောကြားကာ ယနေ့ခေတ် နိုင်ငံအသီးသီးနှင့် နယ်ပယ်အသီးသီးတွင် ရောက်ရှိနေကြသော CVT ကျောင်းသားဟောင်းများပါဝင်သည့် CVT community platform ကို ဖန်တီးနိုင်ရန် ပြောကြားခဲ့ပါသည်။ ထို့နောက် CVT ၏ Website နှင့် Alumni Platform အကြောင်းကို ဒေါ်သွေးသွေးမောင်မှ ဆက်လက်ရှင်းပြခဲ့ပြီး တက်ရောက်လာသူများ အား အသင်းဝင်ပုံစံများဖြည့်ကြပြီး ကံစမ်းမဲများ ဖောက်ခဲ့ကြပါသည်၊၊ မသန်စွမ်း၊ နားမကြား လူငယ်များ အလုပ်အကိုင်ရရှိစေရန် ကူညီပေးသည့် အကျိုးအမြတ်မယူသော Myanmar Deaf Chefs Association မှ စီမံချက်ပြုတ်သော အစားအသောက်များနှင့် တက်ရောက်လာသူများကို ဧည့်ခံကျွေးမွေးခဲ့ပြီး အုပ်စုလိုက်ဓါတ်ပုံများရိုက်ကူးကာ အခမ်းအနားကို ညနေ (၄)နာရီတွင် အောင်မြင်ပျော်ရွှင်စွာ ရုတ်သိမ်းခဲ့ပါသည်။