မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ချိတ်ဆက်ပွဲ

၇-၁၂-၂၀၁၄၊ Park Royal Hotel တွင် Simple Solutions for Change (SSFC) မှ “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” အထိမ်းအမှတ်အဖြစ် “မသန်စွမ်းသူများ ပါဝင်လာနိုင်သော လုပ်ငန်းခွင်များမြှင့်တင်ခြင်း” အစီအစဥ်ကို အလုပ်အကိုင်အခွင့်အလမ်း ချိတ်ဆက်ပွဲ ကို ကျင်းပခဲ့ရာ တွင် Center for Vocational Training (CVT) မှ ပါဝင်၍တက်ရောက်လာသူ မသန်စွမ်းများကို၎င်းတို့နှင့် သင့်တော်သောအလုပ်အကိုင် အခွင့်အလမ်း များ နှင့် သင်တန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။